မိမိနားလည်သည့် ဘာသာစကားဖြင့် ရရှိခွင့်နှင့် အရည်အသွေးပြည့်ဝသည့် စောင့်ရှောက်မှုကို ရပိုင်ခွင့်
လူနာတိုင်းသည် ကျန်းမာရေးစောင့်ရှောက် ဝန်ဆောင်မှုများကို ၎င်းတို့နားလည်သည့် ဘာသာစကားဖြင့် ရပိုင်ခွင့်ရှိပါသည်။ သင့်အနေဖြင့် မေးခွန်းများမေးမြန်းနိုင်ရန်၊ စိုးရိမ်ပူပန်စရာများကို တင်ပြနိုင်ရန်နှင့် သင်၏ဆရာဝန်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အဖွဲ့များနှင့် ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်စေရန် အရေးကြီးလှပါသည်။ ယင်းအတွက်ကြောင့် M Health Fairview က တစ်ရက်လျှင် 24 နာရီ၊ တစ်ပတ်လျှင် ခုနစ်ရက်လုံး စကားပြန်နှင့် ဘာသာပြန်ဝန်ဆောင်မှုများ၊ ဆက်သွယ်ရေး အကူအညီများကို အခမဲ့ ပေးအပ်ခြင်းဖြစ်သည်။ အောက်ပါအခြေအနေတွင် သင်သည် စကားပြန်တစ်ဦးကို တောင်းဆိုနိုင်ပါသည်-
- သင့်ချိန်းဆိုမှုကို ပြုလုပ်ချိန်၌
- သင့်ချိန်းဆိုမှုမတိုင်မီ မည်သည့်အချိန်မဆို၌
- သင့်ချိန်းဆိုမှုအတွက် သင်ရောက်ရှိလာချိန်၌
- • သင့်ချိန်းဆိုမှုအတောအတွင်း မည်သည့်အချိန်တွင်မဆို စကားပြန်ဝန်ဆောင်မှုများ သင်လိုချင်သည်ဟု ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးအား သင်ပြောဆိုချိန်၌။
၎င်းက ဘယ်လိုအလုပ်လုပ်ပါသလဲ။
စကားပြန်ဝန်ဆောင်မှုများကို တစ်ရက်လျှင် 24 နာရီ၊ တစ်ပတ်လျှင် ခုနစ်ရက် အခမဲ့ရရှိနိုင်ပါသည်။ စကားပြန်ဝန်ဆောင်မှုများကို လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ ဗီဒီယိုကောလ်ဖြင့်ဖြစ်စေ ဘာသာစကား အမြောက်အမြားဖြင့် ရရှိနိုင်ပါသည်။ ဘာသာစကားနှင့် ဒေသိယဘာသာစကား 250 ခန့်အတွက် ဖုန်းနှင့် ဗီဒီယိုဖြင့် စကားပြန်ဝန်ဆောင်မှုများကို တောင်းဆို ရရှိနိုင်ပါသည်။
အောက်ပါဘာသာစကားများအတွက် လူကိုယ်တိုင် စကားပြန်ဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်-
- စပိန်ဘာသာစကား
- ဆိုမာလီဘာသာစကား
- မှုန်/လာအို ဘာသာစကား
- အိုရိုမို/အမ်ဟာရစ် ဘာသာစကား
- ကရင် ဘာသာစကား
- ASL (အမေရိကန်သင်္ကေတဘာသာစကား)
- ရုရှ ဘာသာစကား
- ဗီယက်နမ် ဘာသာစကား
- ကမ္ဘောဒီးယား ဘာသာစကား
- အခြားဘာသာစကားများကိုလည်း တောင်းဆိုရယူနိုင်သည်
ထပ်ဆောင်း၍ ဆက်သွယ်ပြောဆိုရေး အကူအညီများ၊ စကားပြောဆိုမှုကို အချိန်နှင့်တစ်ပြေးညီ စာတန်းထိုး ပြသပေးသည့် 'cart' ဝန်ဆောင်မှုများနှင့် လူနာ ပညာပေးထောက်ကူပစ္စည်းများအတွက် ဘာသာပြန်ဝန်ဆောင်မှုများကိုလည်း ကျွန်ုပ်တို့ပေးအပ်ပါသည်။
သင်၏ပထမဆုံးအကြိမ်လာရောက်မှုအတွက် ကျွန်ုပ်တို့ စီစဉ်ချိန်တွင် သင်ဦးစားပေးသည့် ဘာသာစကားနှင့် သင့်အနေဖြင့် စကားပြန်ဝန်ဆောင်မှုများ လိုမည်မလိုမည်ကို ကျွန်ုပ်တို့ မေးမြန်းပါမည်။ သင်၏ စကားပြန်လိုအပ်ချက်များ သင့်ဖိုင်အတွင်း ရောက်ရှိသွားသည်နှင့် သင် လာရောက်မည်သည့်အချိန်တိုင်းအတွက် စကားပြန်ဝန်ဆောင်မှုများ ရရှိရန် ကျွန်ုပ်တို့ စီစဉ်ပေးပါမည်။
နားမကြားသူနှင့် အကြားအာရုံ ချို့တဲ့သူများအတွက် ဝန်ဆောင်မှုများ
နားမကြားသူ၊ မျက်မမြင်နားမကြားသူ သို့မဟုတ် အကြားအာရုံချို့တဲ့သူ လူနာများအတွက် လက်မှတ်ရ ASL စကားပြန်များ သို့မဟုတ် CART ဝန်ဆောင်မှုများကို ကျွန်ုပ်တို့ ပေးအပ်ပါသည်။ ဆက်သွယ်ပြောဆိုရေး အကူအညီများကို အခမဲ့ တောင်းဆိုရယူနိုင်ပါသည်။ အဆိုပါဝန်ဆောင်မှုများကို သင် ရယူလိုပါက ကျေးဇူးပြု၍ M Health Fairview ဝန်ထမ်းတစ်ဦးဦးအား ပြောပြပြီး သင်၏ ဦးစားပေးအချက်များကို ဖော်ပြပေးပါ။